Thursday, March 20, 2014

္လဒီမိုကရေစီ ပြောင်းပြန် မှအစ အပစ်ရပ် ပြောင်းပြန်သို့

တကယ်တမ်း အပစ်ရပ် ဖို့ ဆိုရင် အင်အားကြီးသူတွေရဲ့ သဘောထားက စစ်မှန်ဖို့ လိုတယ် လို့ ၀ါရင့် သတင်းစာ ဆရာကြီး ဘာတေ လက်တ်နာ ပြောလိုက် ပါတယ်။

မတ်လ ၁၇ နေ့ ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမ မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါ အရင်ဆုံး စကားပြောမယ် ပြီးတော့မှ သဘောတူညီချက်ကို နောက်မှ ယူရမယ် ဖြစ်တယ်။ အဲလို မဟုတ်ပဲ အခုဟာက ပြောင်းပြန် ဖြစ်နေတယ်။ တကယ် ညှိနှုန်းမှု ဖြစ်တဲ့ အခါ
နိုင်ငံခြားသားကတော့ ပြောမှာပဲ နောက်မှ စကားပြောမယ် လို့ ပြောမှာပဲ၊ ၁၉ ၉ ၄ တုန်းက ဆိုရင် ကချင် အဖွဲ့နဲ့ စကားပြောခဲ့ပါတယ်၊ အုပ်ချုပ်သူ အစိုးရက စစ်အစိုးရ ဖြစ်နေတဲ့ အတွက် ငါတို့ တရားဝင် အစိုးရ မဟုတ်ဘူး၊ ခဏ တာဝန်ယူထားတဲ့ အစိုးရသာ ဖြစ်တဲ့ အတွက် နောက်မှ ပြောရတာပေါ့၊ အခု လက်မှတ်ထိုးလိုက်ပါ လို့ ပြောလိုက်တယ်။ အဲဒီ တော့ နောက်မှသာ ပြောကြပါ ဆိုတဲ့ စကားအတွက် ကချင် အဖွဲ့တွေက နှစ်ပေါင်း များစွာ စောင့်ခဲ့ရတယ်။
ဒီ ကိစ္စမှာ အရင်ဆုံး စကား မပြောပဲနဲ့ လက်မှတ်ထိုးလိုက်ကြရအောင် ဆိုရင် အခုလို ပြောတဲ့ လူရဲ့ ရင်ထဲက စကား စစ်မှန်ဖို့ကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

ဒါ့ အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ Myanmar Peace Center ဟာလဲ ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်တဲ့ နေရာမှာ ထိရောက်မှု အားနဲ နေတယ်၊ လို့ သူက သုံးသပ် သွားပါတယ်။

“မြန်မာ ပစ် စင်တာ ဟာ ဆိုလို့ ရှိရင် ဘာကိုမှ ရည်မှန်းချက် ရောက်အောင် မလုပ်နိုင်ပဲနဲ့ ပိုက်ဆံ တွေ အများကြီးရနေတဲ့ အဖွဲ့အစည်း လို့ ပြောချင်ပါတယ်။ လုပ်ပိုင်ခွင့်လဲနည်းတဲ့ အဖွဲ့အစည်း တခု ဖြစ်နေပါတယ်။ တခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးမယ်၊ တွေ့ပေးမယ်၊ ပြီးရင် တွေ့ဆုံး ဆွေးနွေးမှု အစား တခြား စီးပွါးရေး လုပ်ငန်းတွေ ဖက်ကို လှည့်သွားအောင် လုပ်နိုင်တဲ့ အနေအထား မျိုးမှာပဲ ရှိပါတယ်။ ဒါကြောင့်မို့ မြန်မာ ပစ် စင်တာဟာလဲ လက်ရှိဖြစ်နေတဲ့ ငြိမ်းချမ်းရေး ပြဿနာမှာ အဖြေဖက်အခြမ်းမှာ မရှိပဲ ပြဿနာကို ပိုပြီး ဖြစ်စေတဲ့ အခြမ်းမှာ ရှိနေတယ် လို့ သုံးသပ် ချင်ပါတယ်။“

မူရင်း ဗီဒီယို ကလစ် သို့
https://www.facebook.com/thelaizatimes?ref=hl

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်