Wednesday, March 27, 2013

ပြုပြင်သင့်တာ ရဲရဲတွေး ရဲရဲ ပြုပြင်လိုက်ပါ။


ဘာသာရေး ထက် ဘာသာ တရား က ပိုမြတ်ပါတယ်။

ဘာသာတရားကိုသာ လိုက်နာကြပါ။ ဘာသာရေး အစွန်းမရောက်ကြပါနဲ့။

သခင်ယေရှု က ဂျူးလူမျိုတွေရဲ့ ရဟူဒီဘာသာရေးကို ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်နေရာမှာ ဘာသာရေး ဆရာတွေ အစားထိုးလာတာ မကြိုက်လို့ ဝေဖန်ခဲ့ဖူးတယ်။ ဘုရားတရားထက် ဘာသာရေးတရား က ပိုပြင်းထန်လာတယ်။ အဲဒါတွေကြောင့် ဘာသာရေး ဆရာတွေ သူ့ကို မကြိုက်လို့ ကားတိုင်တင် သတ်ခဲ့တယ်။ လူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘုရားနေရာမှာ နေရာယူပြီး လူလူချင်း တရားစီရင်လာတယ်။

အဲဒီလို ဘာသာတရားဟောခဲ့တဲ့ သခင်ယေရှုရဲ့ နောက်လိုက်တွေလဲ ရောမ အင်ပါယာ တခွင်လုံး ခရစ်ယာန်တွေကို နှိပ်ကွပ်နေခဲ့တဲ့ အချိန်မှာ နှစ်ပေါင်း သုံးရာလောက် ဘုရားတရားသာ အဓိက ဖြစ်နေခဲ့တယ်။ နောက်ပိုင်း ရောမ စီဇာ ဘုရင် ကိုယ်တိုင် အေဒီ သုံးရာစု မှာ ခရစ်ယာန် ဖြစ်လာတော့ အင်ပါယာ (ဥရောပတိုက်) တခုလုံး ခရစ်တော်ရဲ့ တရားတော်ဟာ ဘာသာရေး ဆန်ဆန် ဖြစ်လာတယ်။ ခရစ်တော်ရဲ့ တရားတော်ကို နားမလည်ပဲ ဘုရင့် ဆွေတော်မျိုးတော်မှာ မျက်နှာရချင်သူများ ခရစ်ယာန်အဖြစ် ခံယူလာကြရာက ဘာသာရေး ဆန်ဆန် ဖြစ်လာတယ်။

မြန်မာပြည်မှာနောက်ပြန် မဆုတ်ပဲ ပုံမှန် တိုးတက် နေသော နေရာ ရှိတယ်။

မြန်မာပြည်မှာ တကယ့်ကို ပုံမှန် တိုးတက်နေတာတော့ စစ်တပ်ရာထူးတွေပဲ။

ကချင်လူမျိုးတွေ သိန်းနဲ့ ချီ ထွက်ပြေး နေရချိန်၊ ရွာပေါင်း ၂၀၀ ကျော် ဖျက်ဆီးခံရချိန်၊ ဘုရားကျောင်း ၆၆ ကျောင်း ဖျက်ဆီးခံရချိန် သူရဘွဲ့တွေ နဲ့ ရာထူး အဆင့်ဆင့် တသီကြီး ရခဲ့တာ စစ်တပ်ပါ။

လက်ပံတောင်း ပြည်သူများ နဲ့ ဒေါ်အောင်ဆန်းစုကြည် ငြင်းခုန်ပွဲလေး ရင်တမမ ဖြစ်နေချိန် မိတ္ထီလာကိစ္စ လောင်လို့မှ မပြီးသေးဘူး၊ မြန်မာပြည်သူ အားလုံး ရင်တအုံအုံ ခံစားနေရချိန် ဗိုလ်ချုပ်မှူးကြီးရာထူး တက်သွားတာကလဲ ငိုရမလို၊ ရီရမလို။

Tuesday, March 26, 2013

အစွန်းရောက် ဆိုတာ ဘာအစွန်းရောက်မှ မကောင်း။


အမေရိကန် တွေ ဘင်လာဒင် ကို တိုက်တာ မူဆလင်ကို တိုက်တာ မဟုတ်ဘူးလို့ ငြေညာခဲ့ဖူးတာ မှတ်မိမှာပါ။ အစွန်းရောက် ဆိုရင် မူဆလင်လဲ မကောင်းသလို ဗုဒ္ဓ၊ ခရစ်ယာန် အစွန်းရောက်လဲ မကောင်းဘူး။ မြန်မာ မူဆလင်တိုင်းလဲ အစွန်းရောက်တွေ မဟုတ်သလို၊ ဗမာ ဗုဒ္ဓ တိုင်းလဲ အစွန်းရောက်တွေ မဟုတ်ပါဘူး။ အခု ကျုပ်တို့ ဆန့်ကျင်နေတာ အစွန်းရောက်သမား တွေကိုပါ။ အစွန်းရောက်သမားတိုင်းက ကိုယ့်ဟာကိုယ် အစွန်းရောက်သွားမှန်းလဲ မသိကြပါဘူး။

ဒါကို ဗုဒ္ဓဘာသာ ဖြစ်ဖြစ်၊ မူဆလင်ဖြစ်ဖြစ်၊ ရှင်းရှင်းလင်းလင်း သိသင့်တယ်။ ကိုယ့်ဘာသာရေး အသိုင်းအ၀ိုင်းထဲမှာ မူဆလင် အစွန်းရောက် ရှိနေရင် ဖေါ်ထုတ်ရမယ်။ အစွန်းရောက် ဆိုရင် ဘာသာရေး၊ လူမျိုးရေး ဘာတခုမှ မကောင်းဘူး။ အတ္တသမားတွေပါ။

အဲဒီ အစွန်းရောက်တွေက ကျုပ်တို့ အသိုင်းအ၀ိုင်း သိက္ခာကို ဖျက်စီးနေတာ။ ကချင်လဲ မြန်မာနိုင်ငံသား ဖြစ်နေတော့ သိက္ခာကျတာပဲ။

Monday, March 25, 2013

အမျိုး၊ ဘာသာ၊ သသနာ စိတ်ကြီးဝင်သူများသို့....

မင်းတို့ကိုယ် မင်းတို့ သန့်ရှင်းတဲ့ သာသနာ လို့ ပြောနေပေမယ့် ခင်များကိုယ်တိုင်က သန့်ရှင်းတဲ့ စကား မပြောတတ်တာက ခက်နေတယ်.... ဗုဒ္ဓဘာသာကို စော်ကားတာ မဟုတ်ဘူး... စိတ်ရူးထ နေတဲ့ ခင်များတို့ အဖွဲ့ရဲ့ တယူသန် အမြင်ကျဉ်းမြောင်းတဲ့ ဘ၀ ကို ဝေဖန် ထောက်ပြနေတာ...

အဲ တခုတော့ရှိတယ်.. ဗုဒ္ဓဘာသာ ဆိုတာ ဗမာ ပဲ ရှိတာ မဟုတ်ဘူး၊ အာရှတိုင်းသားတွေ အားလုံး နီးပါး ဖြစ်တယ်။ ကုလားလူမျိုးတွေ ဗုဒ္ဓဘာသာဝင် အများဆုံးပဲ။ ဗုဒ္ဓသာသနာ ထိန်းသိမ်းတာ လူမျိုး နဲ့ မဆိုင်ဘူး၊ ကုလားတွေ ပိုလို့တောင် ထိန်းထားသေးတယ်။ ဗမာ ဗုဒ္ဓဘာသာ ၀င်တိုင်းလဲ ဒီလို စိတ်ဓါတ်ရှိတာ မဟုတ်ဘူး ဆိုတာသိတယ်။ ခင်များတို့လို မိစ္ဆာ စိတ်ဝင်နေတဲ့ ဗုဒ္ဓ အတု အယောင် တွေက ဒီ နိုင်ငံကို ဖျက်ဆီးနေတာ။ ဒီနိုင်ငံက ခင်များတို့ပဲ ပိုင်တာ မဟုတ်ဘူး ဆိုတာ မြဲမြဲ မှတ်ထားပါ။ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းမှာ ဗုဒ္ဓဘာသာ ပျောက်လို့ လူမျိုး ပျောက် မသွားဘူး။ မဆင်းရဲ သွားဘူး။ အစွန်းရောက်တဲ့ မူဆလင် နိုင်ငံ မဖြစ်သွားသေး သ၍ သူတို့ မပျက်ဆီးဘူး။

Saturday, March 23, 2013

မြန်မာပြည်မှာ တကယ်ငြိမ်းချမ်းဖို့ ဘာသာရေးမဟုတ်၊ အစွန်းမရောက်တဲ့ ဘာသာတရားသာ လိုတယ်။



ဒူဝါ အနေနဲ့ လေ့လာကြည့်သလောက်၊ ဗုဒ္ဓဘာသာ ဆိုတာလဲ ငြိမ်းချမ်းခြင်းကို သွန်သင်ပေးတယ်။ ဒါပေမယ့် မငြိမ်းချမ်းတဲ့ စကားတွေပဲ ကြားနေရတော့ စိတ်မချမ်းသာဘူး။

မြန်မာ နိုင်ငံက အထင်ကရ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းကြီး တစ်ပါး ဆီက အခုလို အမြင်မျိုးဖတ်လိုက်ရတော့ မတုံ့ပြန်ပဲ မနေနိုင်တော့ဘူး။ အိမ်ရှင်နဲ့ ဧည့်သည် ဆိုတာ မှန်တယ်။ ဒါပေမယ့် နယ်မြေဒေသ ကို အသိအကျ ပြောရပါလိမ့်မယ်။

Wednesday, March 20, 2013

မြန်မာ သို့ တင်ပို့မဲ့ မြောက်ကိုးရီးယား နျူ ပစ္စည်း ဖမ်းမိ အတည်ပြု



ဂျပန် ဆိပ်ကမ်းမှာ စင်ကာပူ အလံလွင့်ထားတဲ့ သင်္ဘောတစ်စင်း ပေါ်က မြန်မာသို့ တင်ပို့မဲ့ မြောက်ကိုးရီးယား ပစ္စည်း ဖြစ်တဲ့ နျူကလီးယားလက်နက် ထုတ်ရာမှာ အသုံးပြုဖွယ် ရှိတဲ့ အလူမီနီယမ် သတ္တုချောင်း ၅ခု ဖမ်းမိတဲ့ အကြောင်း ဂျပန်တိုင်မ်း သတင်းစာမှာ ရေးထားပါတယ်။

မနှစ်က သြဂုတ်လမှာ ဖမ်းမိထားတဲ့ သတ္တုချောင်းများကို ၆လကြာ စစ်ဆေးမှုပြုပြီး အတည်ပြု ကြေငြာတာပါ။

မြန်မာ နိုင်ငံ အနေနဲ့ ဖုံးဖုံးဖိဖိ လုပ်နေတာဟာ နိုင်ငံတကာကို သံသယ ပိုဖွါးများစေပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံလိုသူတွေ အတွက် ရသက်မအေး စရာ သတင်း ဖြစ်ပါတယ်။

နှစ်ရှည် အတည်တကျ စက်ရုံထောင်ချင်သူများအတွက်ကတော့ နိုင်ငံတကာ စီးပွါးရေး ပိတ်စို့မဲ့ လက္ခဏာတွေ့နေရတဲ့ နိုင်ငံမှာ စိတ်မချရပါဘူး။ နျူကလီးယား လက်နက် အစီအစဉ်ဟာ ပွင့်လင်းမြင်သာမှုမရှိရင် မြောက်ကိုးရီးယား နဲ့ အီရန် နိုင်ငံလို မလွဲမတွေ စီးပွါးရေး ပိတ်စို့ခြင်း ခံရမှာ ဖြစ်ပါတယ်။

Monday, March 18, 2013

တောင်ကုန်းအောက်ကျခါနီး ဘီးတပ်ပေးလိုက်ပြီ။



အစီရင်ခံစာ တခု ဆိုတာ ဆုံးဖြတ်ချက်ချပြီးသား မဟုတ်ပါဘူး။ အဲဒီ အစီရင်ခံစာအပေါ် မူတည်ပြီး ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်။ လက်ခံ မခံ အခြေအတင် ငြင်းခုန်ရမှာက လွတ်တော်မှာပါ။ လိုအပ်ရင် ပြည်သူ့ကြား ချပြ၊ ငြင်းခုန် ဆွေးနွေးမှု (Public Debate) လုပ်ပြီး စစ်တမ်းကောက်ယူရမယ်။ ဒါက ပြည်သူကြားမှာ အခြေအတင် (Conflict) ဖြစ်နေတဲ့ ပြဿနာမျိုးကို ဒီမိုကရေစီ နိုင်ငံတွေမှာ ဖြေရှင်းနေကျ နည်းလမ်းတွေပါ။

Sunday, March 17, 2013

တိုင်းရင်းသားများအတွက် အမျိုးသား ကျောင်းများ လိုတယ်။

(ဓါတ်ပုံ = လိုင်ဇာ အထက်တန်းကျောင်း)

မြန်မာအစိုးရ ဟာ လူမျိုးတမျိုးထဲအတွက် ရပ်တည်တဲ့ အစိုးရ မဟုတ်ဘူး ဆိုရင် တိုင်းရင်းသားများကို သက်ဆိုင်ရာ အမျိုးသားကျောင်းများ ဖွင့်ခွင့်ပေးသင့်ပါတယ်။ အစိုးရ အနေနဲ့ ဘဏ္ဍာရေးအရ မကူညီချင်ရင်တောင်မှ ရှိနေပြီးသား အမျိုးသား ကျောင်းများကို တရားဝင် အသိအမှတ်ပြုပြီး သက်ဆိုင်ရာ သက္ကသိုလ်များမှာ ၀င်ခွင့်ရဖို့ နည်းလမ်းဖွင့်ပေးသင့် ပါသည်။

တိုင်းရင်းသားတိုင်းလဲ ကိုယ့်နှစ်သက်ရာ အမျိုးသားကျောင်း ဖြစ်ဖြစ် အစိုးရ ကျောင်း ဖြစ်ဖြစ် လွတ်လပ်စွာ ရွေးချယ် ပညာသင်ခွင့်ရရန် အခြေအနေ ဖန်တီးပေးဖို့ အရေးကြီးသည်။

တိုင်းရင်းသားများ ဆိုရာမှာ မြန်မာ အစိုးရ ရဲ့ ၀ါဒဖြန့်တဲ့ ဘာသာစကားကွဲ ၁၃၅ မျိုး စလုံးကို မဆိုလိုပါ။ အနဲဆုံး ပြည်နယ် နဲ့ တိုင်း ဒေသကြီး သတ်မှတ်ပြီးသား နာမည်ခံတိုင်းရင်းသားများ အတွက် ကိုယ့်နည်းကိုယ့်ဟန် ဖွင့်ထားပြီးသား ကျောင်းများကို အသိအမှတ်ပြုဖို့သာ လိုသည်။

Saturday, March 16, 2013

အမှန်ဆိုရင် လက်ပံတောင်းတောင် ဆန္ဒဖေါ်ထုတ်နေတဲ့ ပြည်သူတွေကို မြန်မာပြည်သားအားလုံး ကျေးဇူးတင်သင့် တာပါ။

သူတို့ ကြောင့်ပဲ

(၁) ဦးပိုင် ကုမ္ပဏီ ရဲ့ ဂုတ်သွေးစုတ်နေတဲ့ အတွင်းရေး တွေကို မြန်မာပြည်သားတွေ ပိုသိလာတယ်။

(၂) အစိုးရ နဲ့ ပြည်သူကြားမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးချဲ့လာနိုင်တယ်။

(၃) ပြည်သူ့လွတ်တော်မှာ လယ်ယာမြေ ပိုင်ဆိုင်ခွင့် နဲ့ ပတ်သက်တာတွေ ပွဲဆူသွားတယ်။

(၄) မတရား လယ်သိမ်း မြေသိမ်း လုပ်ခဲ့တဲ့ ခေတ်အဆက်ဆက် အာဏာပိုင်များကို မြို့နေပြည်သူတွေပိုပြီး သိမြင်လာတယ်။

(၅) မတရားမှုကို တွန်းလှန်ရမယ် ဆိုတာ ပြည်သူတွေ ပိုသိလာတယ်။

(၆) အနာဂတ် ကာလ ၀င်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို မြန်မာ ပြည်သားများရဲ့ မဟုတ်မခံ စိတ်ကို ပြပြီးသား ဖြစ်သွားတယ်။

(၇) ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ မျက်စိမိတ် ထောက်ခံနေတာ မဟုတ်ဘူး ဆိုတာ ပြလိုက်တာ ဖြစ်တယ်။ (ဦးအောင်သိန်းလင်း ပြောသလို ပြည်သူတွေ ရူးလို့ မဟုတ်မှန်း ပြလိုက်တာ) သူမှန်ရင် ထောက်ခံ ကြတာပဲ၊ မတရားဘူး ထင်ရင် သူ့ကိုလဲ ကန့်ကွက်ကြတာ အားလုံး အသိပါ။

အလိုမတူလို့ နည်းမျိုးစုံနဲ့ ဆန္ဒဖေါ်ထုတ် သူတိုင်း သွေးထိုးမြောက်ပင့်လို့ မဟုတ်ပါ။


လက်ပံတောင်း တောင် အရေး ကိစ္စမှာ အစီရင်ခံစာ ကို မကြေနပ်လို့ သပိတ်မှောက်နေတဲ့ ဒေသခံများကို သွေးထိုးလို့ ဖြစ်ရတာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူတွေ နဲ့ ဦးပိုင် ပေါင်းစား အဖွဲ့သားများက တညီတညွတ်ထဲ ထောပနာ ပြုကြတာ သတိထားမိပါတယ်။

တိုင်းရင်းသား တော်လှန်ရေး သမားများကိုလဲ နယ်ချဲ့က သွေးထိုးလှုံ့ဆော်လို့ ဆိုပြီး ၀ါဒဖြန့်ခဲ့ဖူးပါတယ်။ ထိုနည်း၎င်းပဲ စစ်အစိုးရ ခေတ် အတိုက်အခံလုပ်ခဲ့သူ မှန်သမျှကိုလဲ အနောက်တိုင်းသားများ သွေးထိုးလှုံ့ဆော်လို့ ဖြစ်ရတာ ဆိုပြီး ၀ါဒဖြန့်နေခဲ့တာ ဖတ်ဖူးကြမှာပါ။ အဆုံးစွန် ဒေါ်အောင်ဆန်းစုကြည် တောင် တချိန်တုန်းက အနောက်တိုင်းသားတွေရဲ့ လက်ပါးစေ၊ သူများ ပြောခိုင်းတိုင်း လိုက်ပြောနေတဲ့သူ လို့ စစ်အုပ်စုက သမုတ်ခြင်းခံခဲ့ဖူးပါတယ်။

တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် ကို အားမနာ ပါးမနာ ကုလားမယား၊ ဆိုပြီး ၀ါဒဖြန့်နေခဲ့တဲ့ Myanmar Express မှာတော့ ထူးထူးခြားခြား ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အတွက် တပ်မတော် စိုးရိမ်ကြောင်း ရေးလာပါတယ်။

Thursday, March 14, 2013

လက်ပံတောင်း အစီရင်ခံစာ အပေါ် သုံးသပ်ချက်။

လက်ပံတောင်း တောင် အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်တော်ထဲ ရောက်လာပြီး ပထမ ဆုံး ဖြေရှင်းရသော အရှုပ်ထုတ် တခု ဖြစ်တယ် လို့ မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာ အစီရင်ခံစာ ကို အဖက်ဖက်က စဉ်းစားပြီး ထုတ်ပြန်လိုက်တယ်လို့လဲ မြင်ပါတယ်။

တဖက်မှာ အုတ်နံရံ၊ တဖက်မှာ ခေါင်းနဲ့ ၀င်ဆောင့်ဖို့ တာဆူနေတဲ့ ငမိုက်သားတွေကို ကြားဝင်ပြီး ခေါင်းအုံးခံပေးလိုက်တဲ့ သဘောလို့လဲ ရှု့မြင်ပါတယ်။

မျက်စိ မိတ် ကန့်ကွက် နေမဲ့ အစား၊ အစီရင်ခံစာ ပါ အချက်အလက်တွေကို အလေးအနက်ထားပြီး ဆက်လုပ်သင့်တာ လုပ်သွားရင် ပို အကျိုးရှိပါလိမ့်မည်။

အကြောင်းမှာ... အစီရင်ခံစာပါ အချက်ကြီး တချို့ ကြောင့်ပါ။

Thursday, March 7, 2013

၂၀၀၈ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ ဘယ်သူ့တာဝန်လဲ... ဘယ်က စ နိုင် မလဲ...



လာမဲ့ ဧပြီလမှာ ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာ နိုင်ငံအပေါ် စီးပွါးရေး ဒဏ်ခတ် ပိတ်ဆို့ထားတာတွေကို ပြန်သုံးသပ်မဲ့ နှစ်ချုပ် အချိန်ခါ သမယ နီးလာတာနဲ့ အမျှ မြန်မာသမ္မတ နဲ့ ၀န် ကြီးရဲ့ ပါးစပ်ကနေလဲ အရင်က မကြားဖူးတဲ့ အပြောတွေ တော်တော် ကြားလာရပါတယ်။ ပင်လုံစာချုပ် အရေးကြီးပုံတွေ၊ ၀န်ကြီး အောင်မင်းရဲ့ တိုင်းရင်းသားတွေကို အုပ်ချုပ်ခွင့် အာဏာ ခွဲပေးရမယ် ဆိုတာတွေ... အခုတခါ... သမ္မတကြီးက အခြေခံ ဥပဒေ ကို ပြင်ဖို့ သဘောတူပါတယ် တဲ့။

Wednesday, March 6, 2013

ဝူးတိန်းရှိန် ရဲ့ ဗျူဟာ ဘယ်သူ့အတွက်လဲ....




အီးယူ မှာ လာမည့် ဧပြီလမှာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အချက်တွေကို ပြန်သုံးသပ်မဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်အမီ ၀ူးတိန်းရှိန် ကတော့ သွက်သွက်လေး လှုပ်ရှားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အီးယူအနေနဲ့ အဓိက ကြည့်နေတဲ့အချက် ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ တွေ ချုပ်ငြိမ်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာ မပြောဖူးတဲ့ စကားတစ်ခွန်းကို နော်ဝေးကနေအသံလွင့်တုန်း ပြောခဲ့ပါတယ်။ ဒါကတော့ ပင်လုံစာချုပ် အကြောင်းပါ။ အဲဒီ အသံလွင့်စကားမှာပဲ၊ ပြည်ထောင်စုနေ့ အခန်းအနားကို နေပြည်တော်မှာ ပြုလုပ်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူတူ ထမင်းစားခဲ့တဲ့ အကြောင်းတွေ ထည့်သွင်းပြောကြားသွားပါတယ်။ ကေအိုင်အိုအဖွဲ့ထင်ထားတဲ့ အတိုင်း သူတို့ရဲ့ ပြစားမဲ့အကွက်ထဲ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘုန်းဘုန်းလှဲဝင်ခဲ့တာပါ။

နော်ဝေးနိုင်ငံ အော်စလိုမြို့ရောက် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် တို့နဲ့ တွေ့ဆုံပြောဆိုခဲ့ခြင်းအပေါ် အသေးစိတ်သတင်းထုတ်ပြန်ခြင်း။

နော်ဝေးနိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေက သမ္မတ ဦးသိန်းစိန်ရဲ့  ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြပွဲတရပ်ကို ၂၆-၂-၁၃ ညနေ ၄-နာရီခွဲမှ ၅-နာရီခွဲထိ သမ္မတ တည်း ခိုရာဟော်တည်ရှေ့တွင် ကျင်းပခဲ့ပါသည်။

နော်ဝေးအာဏာပိုင်တွေဆီကနေ ဆန္ဒပြပွဲခွင့်ပြုချက်ရဖို့နဲ့ ဆန္ဒပြပွဲ နဲ့ပတ်သက်လို့ တာဝန်ခံပြောဆိုမဲ့သူတွေအဖြစ် နန်းကြည်အေး ကိုမြင့်အေးနဲ့ ဦးတူးလွန်တို့က တာ ၀န်ယူခဲ့ပါသည်။

ဆန္ဒပြမည့်နေ နေ့လည် ၁၂ နာရီခန့်တွင် နော်ဝေးနိုင်ငံခြားရေးဝန်ကြီး ဌာနမှ Guro Solberg မှ နန်းကြည်အေးထံသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး ဆန္ဒပြဦးဆောင်သူတွေထဲက ၂-ဦးကို ၀န်ကြီး-ဦးစိုးသိန်းနဲ့ ဒုဝန်ကြီး-ဦးရဲထွဋ် တို့က လက်ခံဆွေးနွေးလိုကြောင်း အကြောင်းကြားခဲ့ပါသည်။

ဒီလောက်အရေးကြီးတဲ့ သတင်းကို မြန်မာလို ဘာဖြစ့် မရေးကြသလဲ?




Eleven Media Group ရဲ့ အင်္ဂလိပ်လို ရေးထားတဲ့ သတင်းမှာ ဒီသတင်း ဖတ်မိတော့ ကိုယ့် အင်္ဂလိပ်စာ အတတ် ကိုတောင် မယုံချင် ယုံချင် ဖြစ်သွားတယ်။ ပိုသေချာအောင်လို့ မြန်မာလို ရေးထားတဲ့ သတင်းများရှိမလား ဆိုပြီး လိုက်ရှာကြည့်တာ မတွေ့ဘူး ဖြစ်နေတယ်။

အဲဒါကြောင့် ဒူဝါ တို့လို တိုင်းရင်းသား ကလောင် သမားတွေ လက်ဆော့ရင် အစွန်းရောက်သလို ဖြစ်ချင် ဖြစ်ဖြစ်သွားတာ အဆန်းတော့ မဟုတ်ပါဘူး။

ဒီ သတင်းမှာ ဦးအောင်မင်း ပြောသွားတာက

Friday, March 1, 2013

စိုင်း နော်ခမ်း နဲ့ တပည့်များကို တရုတ်အစိုးရ သေဒဏ်ပေးမှု အပေါ် သုံးသပ်ချက်။


မြန်မာနိုင်ငံသား ရှမ်းအမျိုးသား ဖြစ်သော စိုင်းနော်ခမ်းနှင့်အတူ ပါဝင်သည့် အပေါင်းပါသုံးဦးမှာ ထိုင်းနိုင်ငံ
သား ဆန်ခမ်း၊ နိုင်ငံမဲ့ ရီလိုင် ဆိုသူနှင့် လာအိုနိုင်ငံသား ကျာရှီကာ
ဆိုသူတိုကို မတ်လ ၁ ရက်နေ့တွင် တရုတ်အစိုးရမှ ဆေးထိုး ကွပ်မျက်မည် ဖြစ်ကြောင်း အတည်ပြုပြီး ဖြစ်သည်။

ဘီဘီစီ သတင်းအရ သူတို့ ဆွေမျိုးသားချင်းများကို တရုတ်အစိုးရ နောက်ဆုံး တွေ့ဆုံဖို့ စီစဉ်ပေးမည် ဆိုသော်လည်း စိုင်းနော်ခမ်း ညီမ ဖြစ်သူ ပြောတာက ဖမ်းဆီးထား ကတည်းက တွေ့ခွင့်မရကြောင်း တွေ့ဖို့ ကြိုးသားသူ မိသားစုဝင် တစ်ယောက်ကိုလဲ ၁၅ရက်ကြာ ထိန်းသိမ်းထားပြီး စစ်ဆေးခဲ့ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ

China’s Strategic Misjudgement on Myanmar (By Yun Sun)
................................................................................
မှူးဇော်


စာတမ်း ရေးသားပြုစုသူ ယန်ဆန်းသည် ဘေကျင်းတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ အခြေစိုက် နေထိုင်ခဲ့ပြီး International Crisis Group ၏ တရုတ်အရေး လေ့လာသူ တစ်ဦးအဖြစ် ဆောင်ရွက် ခဲ့သည်။ ဤစာတမ်းသည် အမေရိကန် ပြည်ထောင်စု Brookings Institution ရှိ အနောက်မြောက် အာရှ မူဝါဒ လေ့လာရေး ဗဟိုဌာန၌ Visiting Fellow အဖြစ် ထမ်းဆောင်ခဲ့စဉ် အပြီးသတ် ရေးသားခဲ့ခြင်း ဖြစ်သည်။ သူမ၏ သုတေသန ကျမ်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဗဟိုဦးစီးစနစ် အုပ်ချုပ်ရေး နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို အလေးပေး ပြုစုခဲ့သည်။ ဤစာတမ်းတွင် တရုတ်-မြန်မာ ဆက်ဆံရေး အလှည့် အပြောင်းများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းစဉ်အပေါ် တရုတ်နိုင်ငံ၏ ခန့်မှန်းချက် အလွဲများ၊ အနာဂတ် အလားအလာများ အကြောင်း ကို ရေးသား ပြုစုထားသည်။ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အခင်းအကျင်းမှာ များစွာ အပြန့် ကျယ်လာခဲ့ပြီ ဖြစ်ရာ နိုင်ငံ့အရေး နှင့် မဟာဗျူဟာ အရွှေ့အပြောင်းများ အကြောင်း ဆင်ခြင် သုံးသပ်နိုင်ရန် ဘာသာပြန်ဆို တင်ပြလိုက်ရခြင်း ဖြစ်ပြီး ဤဆောင်းပါးပါ ဖော်ပြချက်များ အားလုံးသည် မူရင်းပြုစုသူ၏ အာဘော်သာ ဖြစ်ပေသည်။

၁။ မဟာဗျူဟာ အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ရသည့် ၂၀၁၁ ခုနှစ်
1. Strategic Changes in 2011

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်